Samsung SM-J110H Galaxy J1 Ace Duos - Android v4.4.4 KitKat ကို Root လုပ်နည်း
Galaxy J1 Ace Duos အတွက် Android v4.4.4 KitKat ကို
Root လုပ်နည်းကိုတင်ပေးပါဦးဆိုလို့အားလုံးအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် Root Tool များရှာကြည့်ပါသေးတယ်
အဆင်မပြေတာနဲ့ပြီးတော့ နာမည်ကြီး CF Auto Root လည်း
ရှာမတွေ့တော့ ကြံရာမရ ဒီဖုန်းအတွက် Root လုပ်ထားပြီးသား
Rooted Firmware ကိုတင်ပေးလိုက်ပါတယ်။
ဒီတော့ Rooted Firmware ကဘာကြီးလဲ ဘာလုပ်လို့ရမှာလဲ
ဘယ်လိုလုပ်ရမှာလည်း Root Tool လည်းမဟုတ်ဘူး
မဟုတ်ပါဘူးခင်ဗျား Rooted Firmware ဆိုတာက
သင့်အတွက် Official Firmware ကို Root လုပ်ထားပြီးသား
ဖြစ်တဲ့အတွက် Odin ကိုအသုံးပြုပြီး Firmware ရေးပေးလိုက်ရုံပါပဲ
Samsung Device အများစုအတွက် Flash Tool Odin ဟာ
CWM/TWRP/CF Auto Root/Official Stock Rom များကို
အသုံးပြုကြရာတွင်နည်းလမ်းကတော့အတူတူချည်းပါ
ဒီတော့ပိုအဆင်ပြေတာက မိမိဖုန်းအတွက် CWM သွင်းပြီးမှ
Root လုပ်ရတဲ့ပြသနာ၊ Root Tool တွေကိုကွန်ပျူတာအတွက်လား
ဖုန်းအတွက်လား ဆိုပြီးလိုက်ရှာနေရတဲ့ပြသနာတွေကိုဖြေရှင်းပေးနိုင်တဲ့
Root လုပ်ထားပြီးသား Firmware ကိုရေးလိုက်ရုံပဲပေါ့ဗျာ
Root လုပ်ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
Click Here to Download Odin
Samsung USB Driver for Windows
Samsung SM-J110H Galaxy J1 Ace Duos - Pre-Rooted Firmware v4.4.4 KitKat
Rooted Firmware ဖြင့် Root လုပ်နည်း
======================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ Rooted Firmware.tar.md5 ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode ကိုဝင်ရန်အတွက် volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
firmware ဒေါင်းမရဘူး
ReplyDelete