Samsung Galaxy Note 4/Note Edge ကိုင်ဆောင်ထားကြတဲ့
ဘော်ဒါတွေအတွက်တောင်းဆိုထားကြတာလည်းများပြီပါ
အားလုံးအဆင်ပြေသွားအောင်ဒီပိုစ့်လေးကိုတင်ပေးလိုက်တာပါ။
Android 5.1.1 Root လုပ်ပြီးမြန်မာစာ 100% မှန်အောင်သွင်နည်းကို
အားလုံးလည်းအဆင်ပြေသွားအောင်လို့မျှဝေပေးလိုက်ပါတယ်
မိမိအတွက် like ဖြင့်သာကျေနပ်မနေပဲတစ်ခြားအဆင်မပြေကြသေးတဲ့
ဘော်ဒါများလည်းအဆင်ပြေသွားအောင် Share ခြင်းဖြင့်ကူညီပေးကြဖို့ကို
ကျနော်အထူးပြောကြားလိုပါတယ်ခင်ဗျား
Root လုပ်ရန်အတွက် Custom Kernel ကိုသွင်းပေးရမှာဖြစ်တဲ့အတွက်
သင့်ဖုန်းက bootloader ပြုလုပ်ထားပြီးသားဖုန်းတစ်လုံးဖြစ်ရပါမယ်။
Root လုပ်ရန်အတွက်အောက်ပါလိုအပ်ချက်တွေကတော့
USB Driver/SuperSu/Kernel/TWRP/Odin Tool
အထက်ပါငါးခုပြည့်စုံပါမှ Root လုပ်ခြင်းကိုအောင်မြင်မှာဖြစ်ပါတယ်။
SuperSU zip SuperSU zip T-Mobile Galaxy Note 4 SM-N910T Galaxy Note 4 SM-N910P Galaxy Note 4 SM-N910F Kernel များကိုအောက်ကလင့်မှာရယူပါ
အထက်ပါလင့်တွင် Note 4 5.0.1 အတွက်လည်းအသင့်ရှိနေပါတယ် 5.0.1 သမားတွေက သက်ဆိုင်ရာကိုဒေါင်းလော့ရယူပါ၊ 5.1.1 သမားတွေလည်းသက်ဆိုင်ရာ Kernel ကိုသာဒေါင်းလော့ရယူပါ TWRP recovery for Galaxy Note 4
===================
လိုအပ်မယ့် TWRP များကိုအောက်မှာရယူပါ
ဘာတွေကြိုတင်ပြင်ဆင်သင့်တာလဲ ===================
USB Driver ကိုအရင်ဦးဆုံး ကွန်ပျူတာမှာ Install ပြုလုပ်ပါ
Kernel File နဲ့ SuperSu zip ဖိုင်နှစ်ခုကို ဖုန်း Storage ကို့ကူးထည့်ထားလိုက်ပါ။
TWRP ဖြင့် Root လုပ်နည်း ===============
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ TWRP tar file ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode ကိုဝင်ရန်အတွက် volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးတာနဲ့ TWRP Recovery ကိုဝင်ပေးရမှာဖြစ်တဲ့အတွက်
volume Up + Home + power ကိုတွဲနှိပ်လိုက်ပါ။
တကယ်လို့အဆင်မပြေရင်လည်း၊ Battery ကိုဖြုတ်ပြီး
volume Up + Home + power ကိုတွဲနှိပ်ပြီး TWRP Recovery mode သို့ဝင်လိုက်ပါ။
အောက်ကပုံအတိုင်း TWRP Recovery လို့မြင်နေရပါလိမ့်မယ်။
TWRP Recvery သွင်းနည်း ===============
၁။ Twrp Mode ကိုဝင်ရမှာဖြစ်တဲ့အတွက် Volume Up+Home+Power ကိုတွဲနှိပ်ပါ။
၂။ TWRP recovery တွင် stock kernel ကို Backup ပြုလုပ်ထားလိုက်ပါ၊
Backup ဆိုတာကိုနှိပ်ပါ၊ Recovery/System စတာတွေကိုအကုန်ဖြုလိုက်ပြီး၊
Boot တစ်ခုကိုသာထားပါ Stock Kernal လို့ရိုက်ထည့်ပြီး Swipe to Back up ပြုလုပ်ပေးလိုက်ပါ။
၃။ Install ဆိုတာကိုထပ်နှိပ်ပါ၊
၎။ kernel zip ဖိုင်ကိုရွေးပါ Swipe to Flash ပြုလုပ်ပေးပါ။
၅။ “Install” ကိုထပ်သွားလိုက်ပါ၊ SuperSU zip file ကို swipe to flash ထပ်ပေးလိုက်ပါ။
၆။ “Reboot system” ကိုနှိပ်ပြီးဖုန်းကို Reboot ချပေးလိုက်ပါ။
၇။ ပြန်တက်လာတဲ့အခါ Root Access ရရှိနေပါပြီ။
SuperSu ကို Playstore မှာ ဒေါင်းလော့ရယူပြီး Update ပြုလုပ်ပေးလိုက်ပါ။
How to Root Galaxy Note 4/Note Edge on Android 5.1.1 ==============================
VIDEO
မြန်မာစာ 100% အမှန်ထည့်နည်း ================
Root Access ရရှိထားတဲ့ဖုန်းတစ်လုံးအတွက်
အထူးသဖြင့် CWM & TWRP သွင်းထားပြီးသားဖုန်းအမျာစုကို
မြန်မာစာအမှန်မြင်ရဖို့အတွက် TotalSolution 3.0 ZawgyiBase ကို
CWM Recovery ကနေ Install From SD ကဒ်မှ install ပြုလုပ်လိုက်ရင်
သင့်ဖုန်းမှာမြန်မာစာ 100% လုံးဝအမှန်မြင်ရမှာပဲဖြစ်ပါတယ်။
Download Here OR Download Here Android lollipop ဗားရှင်းများအတွက်မြန်မာစာဆိုင်ရာ
Font Changer များကိုအောက်ကလင့်မှာလေ့လာလိုက်ပါ
စမတ်ဖုန်း Lollipop ဗားရှင်းများနဲ့ Myanmar font Changer apk များစုစည်းမှု Ref-http://galaxynote4root.com
အားလုံးကိုကျေးဇူးတင်ပါတယ်
အဆင်ပြေပါစေ