Android app��Pc Software��သီချင်း��စာအုပ်​��​လေ့လာစရာ��များနှင့်​အတိုအထွာ​လေးများအစုံပြန်​လည်​မျှ​ဝေပါသည်​ by postများလည်းရှိသလို နည်းပညာညီကိုဆရာများရဲ့post​တွေကိုလဲ Credit​ပေးပြီးမျှ​ဝေတာပါ အားလုံးပဲအဆင်​​ပြေကြပါ​စေလို့ဆန္ဒပြုပါတယ်​ zhtike.blogspot.comကိုအလည်​လာဖို့လဲဖိတ်​​ခေါ်ပါတယ်​ အလည်​လာသူအားလုံးကိုလဲ​ကျေးဇူးတင်​ပါတယ်​လို့***​ဇော်​ထိုက်​/span>
Showing posts with label ​လေ့လာစရာများ. Show all posts
Showing posts with label ​လေ့လာစရာများ. Show all posts
Monday, 7 December 2015
ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်
ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင် 
===============================================
ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ
သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့ ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့
နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက်ဖော်ပြပေးလိုက်ရပါတယ်။
Saturday, 24 October 2015
ကွန်ပျူတာမှ Folder ဆိုတဲ့ဖိုင်တွေ အလွယ်ကူဆုံးဖျောက်ထားနည်း ( စာအုပ် )
ကွန်ပျူတာမှ Folder ဆိုတဲ့ဖိုင်တွေ အလွယ်ကူဆုံးဖျောက်ထားနည်း ( စာအုပ် )
 မင်္ဂလာပါ  သည်နေ့ ကျွန်တော် ရေးသားထားတဲ့ စာအုပ်လေးတစ်ခုနဲ့ မိတ်ဆက်ပါရစေ
စာအုပ်ရေးကတော့  မိမိတို့ ကွန်ပျူတာတွေမှာ... Folder ဆိုတဲ့  ဖိုင်တွေကို  ဘယ်သူမှ
မမြင်ရလေအောင်   သူများတွေ မသိစေခြင်တာကို  မသိအောင်  ဖွက်ထားနိုင်အောင် ဆိုတဲ့
ရည် ရွယ်ချက်လေးနဲ့  ဘာဆော့ဝဲလ်မှ မလို ဘာကုဒ်ဒင်းမှ မသုံးဘဲ  ဖျောက်ပြတဲ့ နည်းလေးဖြစ်ပါတယ်
အောက်မှာ  အသေးစိတ်ကို စာအုပ်လေး နဲ့ ရှင်းလင်းဖေါ်ပြထားပါတယ်
ဒေါင်းယူ လေ့လာလိုက်ပါနော်....
အောက်မှာ ဒေါင်းယူ နိုင်ပါတယ်
( OR )
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Friday, 23 October 2015
လျှို့ဝှက် အန္တရာယ်တွေရှိနေတဲ့ Public WiFi များ" = ဆောင်းပါးရှင် - ကိုသုတ
လျှို့ဝှက် အန္တရာယ်တွေရှိနေတဲ့ Public WiFi များ" = ဆောင်းပါးရှင် - ကိုသုတ
''Wi-Fi free'' ဆိုတဲ့ စာသားလေး ချိတ်ဆွဲထားတဲ့ ဆိုင်တစ်ဆိုင်မှာ လက်ဖက်ရည် တစ်ခွက်မှာသောက်ပြီး Facebook သုံးနေမိဖူးပါသလား။ Wi-Fi လိုင်းကောင်းတဲ့ဆိုင်ပဲ သွားမယ်လို့ပြောဖူး ကြပါသလား။ ဟုတ်ကဲ့။ ဒါဟာ ဖြစ်နေကျပါပဲ။ ကျွန်တော်လည်း တူတူပါပဲ။ ကောင်းပါပြီ။ နောက်မေးခွန်းတစ်ခု မေးပါ့မယ်။ ဆိုင်က Wi-Fi ကို ချိတ်ပြီးသွားရင် စာဖတ်သူတို့ ဘာတွေများ ပြုလုပ်ခဲ့ကြပါသလဲ။ Facebook သုံးနေခဲ့သလား။ အရေးကြီးတဲ့ အချက်အလက်တွေကို Messenger ကနေ ပေးပို့ခဲ့သလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ Online Bank Account ထဲဝင်ပြီး ငွေလွှဲတာတွေ ပြုလုပ်ခဲ့မိသလား။
ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၂ ခုနှစ်လောက်ကစပြီး Wi-Fi free ဆိုတဲ့ စာသားလေးဟာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ အလျှိုလျှို ပေါ်ပေါက်လာပါတယ်။ လူအတော်များများကလည်း သယ်ဆောင်ရ လွယ်ကူတဲ့ မိုဘိုင်းဖုန်းတွေ ပိုင်ဆိုင်လာကြတော့ အဲ့ဒီဆိုင်တွေမှာ စားရင်းသောက်ရင်း Wi-Fi သုံးလာကြပါတယ်။ ချိတ်ဆက်ရတာလည်း လွယ်ကူ၊ ကွန်နက်ရှင်ကလည်း ကောင်းလေတော့ လွတ်လွတ်လပ်လပ်ကြီး သုံးကြပါတော့တယ်။ အဲ့ဒီ အချိန်တုန်းကတော့ Public Wi-Fi တွေဟာ ဘာအန္တရာယ်မှ မရှိသေးပါဘူး။ အကြောင်းကတော့ ကျွန်တော်တို့နိုင်ငံမှာ အင်တာနက် အသုံးပြုမှုနှုန်း နည်းပါးနေသေးတာရယ်၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေ ခေတ်မစားသေးတာ ရယ်ကြောင့်ပါဘဲ။ Facebook ကို အပျော်သုံးမယ်။ Gtalk နဲ့ chat မယ်။ ဝက်ဘ်ဆိုက်တွေ လျှောက်ကြည့်မယ်။ ဒီလောက်ပဲ အင်တာနက်ကို အသုံးပြုကြပါတယ်။
ဒီဘက်နှစ်တွေမှာတော့ အင်တာနက်ဟာ အပျော်သက်သက်သာ မဟုတ်တော့ဘဲ စီးပွားရေး၊ ပညာရေး၊ မီဒီယာ စတဲ့ ကဏ္ဍများအတွက် အသုံးပြုလာကြပါတယ်။ အွန်လိုင်းဈေးဆိုင်တွေ ထောင်လာကြတယ်။ အွန်လိုင်းငွေပေးချေမှုတွေ ငွေလွှဲမှုတွေ ပြုလုပ်လာကြတယ်။ Facebook ကို တောင်မှ စီးပွားရေးသဘောနဲ့ အသုံးပြုလာကြပါတယ်။ ဒီအချိန်မှာတော့ လုံခြုံရေးဟာ အရေးပါလာပါတယ်။ စာဖတ်သူတို့ စဉ်းစားကြည့်ပါ။ အကယ်၍ တစ်ယောက်ယောက်က ကိုယ်အပျော်သုံးတဲ့ Facebook Account ရဲ့ password ကို ရသွားတယ်ဆိုပါစို့။ ဒါဆို ဘာဆက်ဖြစ်မလဲ။ အားလုံးသိတဲ့ အတိုင်းပါပဲ။ သူဟာ ခင်ဗျားရဲ့ အကောင့်ကို ဝင်မွှေမယ်။ message တွေကို ဝင်ကြည့်ပြီး အဖိုးတန်တဲ့ အချက်အလက်တွေ ယူမယ်။ message တွေ ရေးချင်ရာ ရေးပြီးပို့မယ်။ ဒါမှ အားမရသေးရင် ညစ်ညမ်းတဲ့ post တွေ share မယ်။ အကျိုးဆက်ကတော့ သားကောင်ဖြစ်တဲ့ စာဖတ်သူရဲ့ ဂုဏ်သိက္ခာ ကျဆင်းရတာပါပဲ။ ကံမကောင်းရင် account တောင် ပျက်သွားနိုင်ပါတယ်။ ဒါဟာ စီးပွားရေးအနေနဲ့ သုံးတာမဟုတ်ဘဲ အပျော်တမ်းသုံးတဲ့ account ပဲ ရှိပါသေးတယ်။
ထို့ကြောင့် လုံခြုံရေးဟာ တကယ့်ကို အရေးကြီးလှပါတယ်။ လုံခြုံရေးကို အထူးဂရုစိုက်ရမယ့် အချိန်များထဲမှာ Public Wi-Fi သုံးနေချိန်က ထိပ်ဆုံးက ပါပါတယ်။ ကျွန်တော်တို့အနေနဲ့ Wi-Fi Free လို့ တွေ့လိုက်ရင် ဘာမှမစဉ်းစားတော့ဘဲ ချိတ်ဆက်ပြီး ပျော်ပျော်ကြီး သုံးပါတော့တယ်။ အမှန်တော့ Public Wi-Fi တွေဟာ အန္တရာယ်ကြီးတဲ့ နေရာတွေပါပဲ။ တစ်စုံတစ်ယောက်ရဲ့ အချက်အလက်တွေကို ခိုးယူဖို့ အကောင်းဆုံး နေရာလည်း ဖြစ်ပါတယ်။ Public Wi-Fi တွေကို ပေါ့ပေါ့တန်တန် သုံးမိရင်တော့ online bank account တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ စီးပွားရေး အချက်အလက်တွေက ကိုယ့်ကိုတာ့တာ ပြသွားပါလိမ့်မယ်။ စာဖတ်သူတို့ အနေနဲ့ Public Wi-Fi တွေရဲ့ အန္တရာယ်ကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ဖို့အတွက် Digital Trends နဲ့ CNET ဝက်ဘ်ဆိုက်တွေမှာ ရေးသား ထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
Public Wi-Fi ကနေ အချက်အလက်တွေ ဘယ်လိုခိုးယူနိုင်တာလဲ
Public Wi-Fi network တစ်ခုထဲမှာ ချိတ်ဆက်အသုံးပြုနေတဲ့ user တစ်ယောက်ရဲ့ အချက်အလက်တွေကို ခိုးယူနိုင်တဲ့ နည်းလမ်းတွေက အများကြီးပါပဲ။ အဲ့ဒီအထဲမှာမှ အသုံးများတဲ့ နည်းလမ်းသုံးခုကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Man-in-the-middle attack
ဒီနည်းလမ်းကတော့ သူ့နာမည် အတိုင်းပါပဲ။ Hacker က user နဲ့ server ကြားကနေ အချက်အလက်တွေကို ကြားဖြတ်ဖမ်းယူတာပါ။ ဥပမာ Wi-Fi free ပေးထားတဲ့ ဆိုင်တစ်ဆိုင်မှာ hacker က ဆိုင်ရဲ့ Wi-Fi နာမည်နဲ့ ဆင်တူတဲ့ network တစ်ခုထောင်လိုက်မယ်။ password လည်း အတူတူလုပ်ထားမယ် ဆိုပါတော့။ ဒါကို ဆိုင်လာတဲ့ လူတစ်ယောက်က ဆိုင်ကပေးထားတဲ့ Wi-Fi အထင်နဲ့ အမှုမဲ့အမှတ်မဲ့ ချိတ်လိုက်မယ်ဆိုရင် hacker က အချက်အလက်တွေ အကုန်ရပါတော့တယ်။ ဒါဟာ အလွန်ရိုးရှင်းတဲ့ နည်းပဲရှိပါသေးတယ်။ ဒီ့ထက် ပိုမြင့်တဲ့ man-in-the-middle attack တွေလည်း ရှိပါသေးတယ်။
(၂) Malware
Malware တွေဟာ ပိုပြီး ကြောက်စရာကောင်းပါတယ်။ အကြောင်းကတော့ user ရဲ့ စက်ထဲက ရှိရှိသမျှ အချက်အလက်တွေကို ခိုးယူနိုင်လို့ပါပဲ။ အခုအချိန်မှာ malware တွေဟာ အတော့်ကို ပေါလာပါပြီ။ Windows, Android, iOS စတဲ့ PC OS ရော Mobile OS များပါမကျန် malware ကူးစက်ခံရနိုင်ခြေရှိပါတယ်။ ကူးစက်ဖို့ဟာလည်း လွယ်ကူပါတယ်။ ဒါ့အပြင် သူတို့တွေဟာ နောက်ကွယ်မှာ တိတ်တဆိတ် လုပ်နေတာကြောင့် ရှိမှန်းတောင် သိလေ့မရှိပါဘူး။
(၃) Wi-Fi Sniffing
တတိယမြောက် နည်းလမ်းကတော့ Wi-Fi Sniffing ပါပဲ။ ဒနည်းလမ်းဟာ network traffic ကို record လုပ်ထားပြီး အချက်အလက်တွေကို ပြန်လည်ဖော်ထုတ် ရယူတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ hacker က user ရဲ့စက်က ပေးပို့သမျှ ဒေတာတွေကို သိမ်းထားပါတယ်။ ပြီးမှ အဲ့ဒီဒေတာတွေကို analyze လုပ်ပြီး အဖိုးတန် အချက်အလက်တွေကို ရယူပါတော့တယ်။ ဒီနည်းလမ်းဟာလည်း တကယ့်ကို ကြောက်စရာ ကောင်းပါတယ်။
Wi-Fi ကနေ အချက်အလက်တွေ ခိုးယူဖို့ လွယ်လို့လား?
အထက်က နည်းလမ်းတွေနဲ့ Wi-Fi network တစ်ခုကို hack ဖို့ နည်းပညာမြင့်ပစ္စည်းတွေ၊ အဆင့်မြင့် software တွေ လိုမှာပဲလို့ စာဖတ်သူတို့ တွေးမိပါလိမ့်မယ်။ ဟုတ်ကဲ့။ Public Wi-Fi တစ်ခုကို hack ရတာဟာ ထင်သလောက် မခက်ပါဘူး။ လွယ်လွယ် ကူကူ ပြုလုပ်နိုင်ပါတယ်။ Programming အကြောင်း မသိတဲ့သူတွေတောင် ပြုလုပ်တတ်ပါတယ်။
Maryland တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ တစ်ဦးဖြစ်တဲ့ David Maimon က အခုလိုရှင်းပြပါတယ်။ "ခင်ဗျား Wi-Fi sniffing လုပ်ချင်ရင် လွယ်လွယ်လေးပါပဲ။ hack ချင်တဲ့ Public Wi-Fi network ကို ချိတ်ဆက်လိုက်။ ပြီးရင် software လေးတစ်ခုနဲ့ စောင့်ကြည့်နေလိုက်။ ဒီလောက်ပါပဲ။ ကိုယ့်ရဲ့သားကောင် ဘာလုပ်နေလဲဆိုတာကို အလွယ်လေး သိနိုင်ပါတယ်''
Password ခံထားတဲ့ Public Wi-Fi network ကရော လုံခြုံမှုမရှိဘူးလား
တကယ်လို့ စာဖတ်သူရဲ့အိမ်က Wi-Fi ကို password ခံထားမယ်ဆိုရင်တော့ password မသိတဲ့ ပြင်ပက လူတွေက ချိတ်လို့ရမှာ မဟုတ်ပါ ဘူး။ ဒါဆိုရင် အထက်က နည်းလမ်းတွေနဲ့လည်း ဘယ်လိုမှ hack လို့ရမှာ မဟုတ်ပါဘူး။ ဒါဟာအတော့်ကို လုံခြုံပါတယ်။ ဒါဆိုရင် password နဲ့ ကာကွယ်ထားတဲ့ public Wi-Fi network တွေကရော မလုံခြုံဘူးလား။
ဟုတ်ကဲ့။ စာဖတ်သူအနေနဲ့ သိထားရမှာကတော့ Wi-Fi encryption ဟာ password မသိတဲ့ hacker ရဲ့ရန်ကိုပဲ ကာကွယ် ပေးတာပါ။ Password သိပြီး network ထဲမှာ ရှိနေတဲ့ hacker ရဲ့ ရန်ကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ သိတဲ့အတိုင်းပဲ ဆိုင်တွေက Wi-Fi တွေဟာ encrypt လုပ်ထားပေမယ့် ဆိုင်လာတဲ့သူတိုင်း က password ကို သိခွင့်ရပါတယ်။ ဒီလို အခြေအနေမျိုးမှာတော့ password ခံထားတဲ့ encrypted Wi-Fi network ဟာလည်း လုံခြုံမှုမရှိတော့ပါဘူး။
နောက်ဆုံးပေါ် Wi-Fi encryption နည်းပညာဖြစ်တဲ့ WPA2-PSK တောင်မှ အကာအကွယ် မပေးနိုင်ပါဘူး။ အကယ်၍ စာဖတ်သူအနေနဲ့ ဒီလုံခြုံရေး အားနည်းချက်ကို ရှောင်ရှားချင်ရင်တော့ WPA2-Enterprise နည်းပညာကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ လုပ်ငန်း သုံးအတွက်ပဲ ရည်ရွယ်တာဖြစ်ပြီး အသုံးပြုရတာလည်း ရှုပ်ထွေးပါတယ်။ သာမန်သုံးအနေနဲ့ ဆိုင်တွေမှာ အသုံးပြုဖို့ အဆင်မပြေပါဘူး။
Public Wi-Fi သုံးနေစဉ်မှာ hacker တွေရဲ့ အန္တရာယ်ကို ဘယ်လိုကာကွယ်နိုင်မလဲ
(၁) Public Wi-Fi ကို အပျော်တမ်းသာအသုံးပြုပါ။
Public Wi-Fi ကို အသုံးပြု နေချိန်မှာ အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေ မပြုလုပ်ပါနဲ့။ bank account ထဲမဝင်ပါနဲ့။ အွန်လိုင်းငွေးပေးချေမှုတွေ၊ ငွေလွှဲတာတွေ မပြုလုပ်ပါနဲ့။ ဒါ့အပြင် social app တွေ၊ email တွေကနေ အရေးကြီးတဲ့ အချက်အလက်တွေ ပေးပို့ခြင်းမပြုပါနဲ့။ Web browsing နဲ့ video download လုပ်ရန် လောက်သာ Public Wi-Fi ကို အသုံးပြုပါ။
(၂) VPN ကို အသုံးပြုပါ။
Virtual Private Network ဟာ Public Wi-Fi ထဲမှာ လုံခြုံစိတ်ချမှု ရှိစေနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါပဲ။ VPN ဟာ user နဲ့ VPN server ကြားက ဆက်သွယ်မှုတွေကို လုံခြုံအောင် encrypt ပြုလုပ်ပေးတာကြောင့် hacker တွေအနေနဲ့ အချက်အလက်တွေကို အလွယ်တကူ မခိုးယူနိုင်တော့ပါဘူး။ VPN software တွေဟာ အသုံးပြုရတာ လွယ်ကူပါတယ်။ Windows မှာဆိုရင် CyberGhost, Android မှာဆိုရင် OpenVPN Connect, iOS မှာဆိုရင် OpenVPN တို့ဟာ လူသုံးများတဲ့ VPN software တွေပါပဲ။ ဒီ software တွေသုံးပြီး Public Wi-Fi ကို အတော်အတန် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
(၃) Certificate Warning တွေကို သတိပြုပါ။
စာဖတ်သူအနေနဲ့ web browsing လုပ်နေစဉ်မှာ Certificate warning ဆိုပြီး ပေါ်လာတာကို တစ်ခါနှစ်ခါလောက်တော့ ကြုံဖူးမှာပါ။ အဲ့ဒီအခါမှာ အမှုမဲ့အမှတ်မဲ့ နေဖူးမှာပါ။ ဟုတ်ကဲ့။ နောက်ဆို သတိထားပါတော့။ Certificate warning ဟာ စာဖတ်သူ access လုပ်နေတဲ့ website ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်နေပြီလို့ ညွှန်ပြနေတာပါ။ ဒါဟာ စာဖတ်သူကို man-in-the-middle attack နဲ့ တိုက်ခိုက်နေတာလည်း ဖြစ်နိုင်ပါတယ်။ Facebook, Gmail, Bank ဝက်ဘ်ဆိုက်တွေမှာ အထူးဂရုစိုက်ရပါမယ်။ Certificate warning တွေ့ရင် ဝက်ဘ်ဆိုဒ်ကို ဆက်မကြည့်တော့တာ အကောင်းဆုံးပါပဲ။
(၄) Public Wi-Fi ကို ရွေးချယ်ရာမှာ သတိထားပါ။
တစ်ခါတလေမှာ hacker တွေဟာ ကိုယ်ထိုင်နေတဲ့ ဆိုင်ရဲ့ Wi-Fi အယောင်ဆောင်ထားတဲ့ Wi-Fi တွေ ဖန်တီးထား တတ်ပါတယ်။ အမှုမဲ့အမှတ်မဲ့ ချိတ်ဆက်မိတဲ့သူတွေရဲ့ အချက်အလက်တွေကတော့ hacker ဆီ တန်းတန်းမတ်မတ်ကြီးကို ရောက်တော့တာပါပဲ။
ဒါကြောင့် ဆိုင်ရဲ့ Wi-Fi ကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှ ချိတ်ဆက်ပါ။ နာမည်တူ Wi-Fi တွေရှိနေလား စစ်ဆေးပါ။ ဘယ် Wi-Fi မဆို စစ်စစ်တုတု အရေးကြီးတဲ့အလုပ်တွေ မပြုလုပ်ပါနဲ့။
(၅) Two Factor Authentication ကို အသုံးပြုပါ။
Two Factor Authentication ဆိုတာ account တစ်ခုကို log in ဝင်ဖို့ password အပြင် အခြား security check ကိုပါ ဖြတ်သန်းရတဲ့ စနစ်ပါပဲ။ ဥပမာ Facebook application မှာ Code Gen-erator ဆိုတာပါပါတယ်။ သူ့ကို activate ပြုလုပ်ထားရင် တခြားစက်ကနေ ကိုယ့် account ထဲဝင်ဖို့ဆိုရင် password သာမက code ပါ ရိုက်ထည့်ရပါတယ်။ ဒါကြောင့် hacker ဟာ password ကို သိသွားသည့်တိုင်အောင် code ကို မသိရင် account ဝင်လို့မရတော့ပါဘူး။ ကိုယ့်ရဲ့ account ကို ပိုလုံခြုံသွားစေပါတယ်။
(၆) Antivirus software များ ဆောင်ထားပါ။
Antivirus software အများစုမှာ အွန်လိုင်းလုံခြုံရေးအတွက် Safe browsing စတဲ့ feature တွေ ပါဝင်ပါတယ်။ အဲ့ဒီ feature တွေဟာ Public Wi-Fi network တွေမှာ လုံခြုံစွာ နေထိုင်နိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။ ဒါကြောင့် Antivirus soft-ware တွေဟာ ဆောင်ထားသင့်ပါတယ်။
Ref : http://www.cnet.com/how-…/tips-to-stay-safe-on-public-wi-fi/
http://www.digitaltrends.com/…/how-dangerous-is-public-wi-…/
http://www.howtogeek.com/…/warning-encrypted-wpa2-wi-fi-net…...
http://www.makeuseof.com/…/man-middle-attack-security-jarg…/
Credit - အင်တာနက်ဂျာနယ် 
Thursday, 22 October 2015
Format လို့မရသော Memory stick အပျက်တွေ ပြုပြင်နည်း
Format လို့မရသော Memory stick အပျက်တွေ ပြုပြင်နည်း
Format လို့မရသော Memory stick ပြဿနာ တခုကို လိုက်ရှာရင်း ဒီနည်းလေးတခုတွေ့လို့ပြန် ရှယ်ပေးလိုက်တာပါ။ ကျနော်ကိုယ်တိုင်ရေးတာတော့ဟုတ်ဘူးနော်။ ဒီတစ်ခါတော့လူသုံးလည်းများ အပျက် လည်းများ တဲ့ Memory stickတွေအကြောင်းကိုကျနော်သိတာလေးတွေကို ပြန်ပြီး မျှဝေလိုက် ပါတယ်။ Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ 
ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။ သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ 
Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်-
-No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ-
-ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။ Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာ ရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။ ရပါပြီ။ စာဖတ်သူရဲ့Stickအပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။ အသုံးလိုမယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ်-
 Source By :  ကို​ဇော်​သွင်​(နည်းပညာ)
အားလုံးအဆင်​​ပြေပါ​စေ။
ဖုန်းထဲကgame​တွေကိုpc ​ပေါ်မှာ​ဆော့ချင်​နည်းလမ်း
ဖုန်းထဲက Game တွေကို ကွန်ပျုတာထဲမှာ ဆော့ချင်ရင် ဒီနည်းကို သုံး
ဒီဟာကတော့ ဖုန်းကဟာတွေ ကွန်ပျုတာမှာ ဆော့ချင်ရင် သုံးတဲ့နည်းလမ်းတစ်ခုပါ
ရနေတယ် သူက ကွန်ပျုတာကို Android စနစ်ကို ဖလှယ်ပေးတဲ့ ဆော့ဝဲပါ ။အဲ့တော့
Android APK ဖိုင်တွေကို စက်မှာအလုပ်လုပ်ပါတယ် ဆော့ချင်ရင် ယူထည့်လိုက်..။
ဒီလင့်မှာယူလိုက်ပါ - http://www.bluestacks.com/
ကွန်​ပြူတာဖွင့်​ချိန်​မှာမိမိ​ပေးလိုသည့်​Messageစာသားထည့်​နည်း
ကွန်ပြူတာဖွင့်ချိန်မှာမိမိပေးလိုသည့်messageစာသားကိုဘယ်လိုထည့်မလဲ?
ကျတော်တို့ကွန်ပြူတာကိုဖွင့်လိုက်တဲ့အချိန်မှာ
အသုံးပြုသူလိုက်နာရမည့်စည်ကမ်းများဘာညာဆိုပြီးတော့
တချို့စက်တွေမှာထည့်ထားတာတွေဘူးမှာပါ
မိမိစက်ဖွင့်တဲ့အချိန်မှာစက်အသုံးပြုသူကိုအသိပေးချင်တဲ့
စာသားလေးထည့်ချင်တဲ့သူတွေအတွက်အခုနည်းက
အသုံးဝင်စေမှာပါဘာဆော့ဝဲလ်မှသုံးစရာမလိုပါဘူး
ဖတ်ကြည့်ပါဦးကလေးကစားစရာဖြစ်သွားရင်တော့ဆောရီးဗျာ
1.Win+R ကိုနိပ်ပြီးတော့ Run Box ကိုခေါ်လိုက်ပါ
2.Run Box မှာ regedit ဟုရိုက်ထည့်ပြီးတော့Registry Editor ကိုဖွင့်လိုက်ပါ
3.HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon 
လို့အဆင့်ဆင့်ဖွင့်ပြီးတော့ဝင်လိုက်ပါ
4.ညာဖက်ကိုတစ်ချက်ကြည့်လိုက်ပါ
legalNoticeCaption နဲ LegalNoticeText ဆိုပြီးတော့ key နှစ်ခုကိုတွေပါလိမ့်မယ်
LegalNoticeCaption ဆိုတဲ့နေရာမှာ ခေါင်းစဉ်ကိုရေးပါ
LegalNoticeText ဆိုတဲ့နေရာမှာမိမိအသိပေးလိုတဲ့စာကိုရိုက်ထည့်ပါ
ပြီးရင်ကွန်ပြူတာကိုတစ်ချက် Logout လုပ်ပြီးတော့ကြည့်လိုက်ပါ ကျတော့်တို့ထည့်ထားတဲ့message တက်လာတာမြင်ရပါလိမ့်မယ်
Window 8 မှာဆိုရင်တော့ Signout ပေါ့ဗျာ
အောက်ကပုံလေးကိုကြည့်လိုက်မှာရှင်းသွားမှာပါ
စာရေးသူ:Aung Myo Kyaw
အွန်​လိုင်းက​နေတက်​​မြောက်​နိုင်​တဲ့​လေ့ကျင့်​ခန်းများ
သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှုများ . ၁ + ၂
======
(Zawgyi)
ဘ၀မှာ တခါတလေ `အဲဒါလေး ငါတတ်ရင် ကောင်းမှာပဲ´လို့ စိတ်ကူးမိတဲ့ အခါတွေ ရှိပါတယ်။ သင်တန်းတက်ဖို့ အချိန်မရှိ၊ အဆက်အသွယ် မရှိတဲ့သူတွေအတွက် အွန်လိုင်းပေါ်မှာ သင်နိုင်တဲ့ ပညာတွေ အများကြီးရှိပါတယ်။ အဲသည်အထဲက ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁. ပစ္စည်းတွေ ပျက်ရင် ပြင်တာ
အိမ်ပြင်တာ၊ ကားပြင်တာ၊ ရေပိုက်ပြင်တာ၊ ပစ္စည်းအတိုအထွာ ပြင်တာ..ဘာမဆို youtube ပေါ်မှာ ရှာကြည့်နိုင်ပါတယ်။ လက်တော့ပ်ကြိုးလိုမျိုး အသေးစားပြင်ဆင်မှုတွေကို ကိုယ့်ဘာသာလုပ်နိုင်အောင် ဒီဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
http://lifehacker.com/…/top-10-repair-projects-you-should-n…
၂. ကွန်ပျူတာပန်းချီဆွဲတာ၊ photoshop သုံးတာ
ကွန်ပျူတာထဲက အခြေခံ tool တွေကို အရင် သုံးကြည့်ပါ။ ဘာက ဘာအတွက်သုံးတယ်ဆိုတဲ့ လမ်းညွှန်လေးတွေ ပရိုဂရမ်တိုင်းမှာ ထည့်ပြီးသားပါ။ Tool တွေကို ရင်းနှီးပြီဆို ပုံပေါ်လာအောင် ဆွဲတဲ့နည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
http://lifehacker.com/…/digital-painting-101-the-complete-g…
ဒီဆိုက်အပြင် www.photoshopstar.com ဟာလည်း လေ့ကျင့်ခန်းတွေကို အခြေခံကစ သင်ပေးတဲ့ ဆိုက်ကောင်းတစ်ခုပါ။
၃. ကိုယ်ခံပညာသင်တာ
လူတိုင်းကို ယုံကြည်လို့မရတဲ့ ခေတ်ကြီးမှာ ကျားမ မရွေး ကိုယ်ခံပညာတတ်ထားသင့်ပါတယ်။ ငြိမ်ခံနေတာထက် တန်ပြန်တိုက်ခိုက်တတ်သူကို မသမာသူတွေ ပိုဖြုံကြတာလည်း အသေအချာပါပဲ။ လေ့လာချင်ရင် http://lifehacker.com/…/basic-self-defense-moves-anyone-can… မှာ ကြည့်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်နည်း၊ ရန်သူရဲ့ ဟာကွက်ကို ရှာဖွေတိုက်ခိုက်နည်းတွေ တွေ့ရမှာပါ။
၎.ဒီဇိုင်းပိုင်းကို သင်ယူတာ
ဝက်ဘ်ဒီဇိုင်း၊ အိမ်အတွင်းပိုင်းဒီဇိုင်း စတာတွေကို အွန်လိုင်းကနေ လေ့လာသင်ယူနိုင်ပါတယ်။ ဒီဇိုင်းပိုင်းကို နားလည်ထားတဲ့လူဟာ သူများထက်တော့ ခြေတစ်လှမ်းသာနေမှာပါပဲ။ ပရော်ဖက်ရှင်နယ်အဆင့် မရောက်ရင်တောင် ကိုယ့်စိတ်ကူးလေးနဲ့ဖန်တီးထားတဲ့ ဒီဇိုင်းက စိတ်ကျေနပ်မှု ပေးနိုင်မှာပါ။ အိမ်အတွင်းပိုင်းအတွက် http://lifehacker.com/…/how-can-i-turn-my-boring-home-into-…ှာ လေ့လာနိုင်ပါတယ်။
၅. ကောလိပ်တုန်းက မသင်လိုက်ရတဲ့ ဘာသာရပ်တွေကို လေ့လာတာ
သိပ္ပံ၊ စီးပွားရေး၊ သင်္ချာ၊ ဥပဒေ ဘယ်ဘာသာရပ်ဖြစ်ဖြစ် ကောလိပ်တုန်းက မသင်လိုက်ရတာတွေကို ပြန်လေ့လာချင်တယ်ဆိုပါစို့။ အခမဲ့တက္ကသီလာကျောင်းတော်ကြီးဖြစ်တဲ့ အင်တာနက်ကြီး ရှိပါတယ်။ အွန်လိုင်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကိုယ်အားထုတ်ရင် အားထုတ်သလောက် ပညာရနိုင်တဲ့ ဆိုက်တွေ အများကြီးရှိပါတယ်။ အွန်လိုင်း အားသာချက်တွေဖြစ်တဲ့ ပိုက်ဆံမကုန်တာ၊ ကိုယ်ကြိုက်တဲ့အချိန် ကြိုက်သလောက် လေ့လာနိုင်တာတွေကိုတော့ ထည့်ပြောဖို့ မလိုတော့ပါဘူးနော်။ ကျွန်မကိုယ်တိုင် တက်ဖူးပြီး တိုက်တွန်းချင်တဲ့ ဆိုက်တစ်ခုကwww.alison.comပါ။http://lifehacker.com/tag/lifehacker-u မှာလည်း ကြည့်နိုင်ပါတယ်။
၆. အီလက်ထရောနစ်ပစ္စည်းတွေကို တည်ဆောက်တာ၊ ဟက်တာ
နည်းပညာက ကျွန်မတို့ဘဝရဲ့ အစိတ်အပိုင်းဖြစ်လာပြီး သူ့ကို စိတ်ကြိုက် ပြင်ဆင်လို့ရရင် ပိုပျော်ဖို့ ကောင်းမှာပါ။ အီလက်ထရောနစ်ပစ္စည်းတစ်ခုကို ဟက်ဖို့ဆို ပစ္စည်းတွေအကြောင်း ထဲထဲဝင်ဝင်သိဖို့ လိုပါတယ်။ ကွန်ပျူတာဆင်တာကို စလေ့လာကြရင် မကောင်းဘူးလား။
http://lifehacker.com/…/how-to-build-a-computer-from-scratc… မှာ တစ်စစီဖြစ်နေတဲ့ ပစ္စည်းတွေကနေ ကွန်ပျူတာဖြစ်အောင် တပ်ဆင်နည်းကို လေ့လာနိုင်မှာပါ။ တခြားအီလက်ထရောနစ်တွေကို http://lifehacker.com/…/how-to-start-making-your--electroni… ကြည့်ပြီး တပ်ဆင်နိုင်ပါတယ်။ http://lifehacker.com/tag/arduino မှာလည်း ရှိပါတယ်။
၇. တူရိယာတီးခတ်တတ်အောင် သင်တာ
တူရိယာ အသစ်တစ်မျိုးကို တီးခတ်ချင်ရင် အွန်လိုင်းမှာ သင်နိုင်တဲ့ နေရာအများကြီးပါပဲ။ ဂစ်တာတီးသင်မလား
http://www.justinguitar.com မှာ ဂစ်တာသင်ခန်းစာ ၈၀၀ ကျော်ရှိပါတယ်။ http://lifehacker.com/39…/learn-to-play-an-instrument-online မှာလည်း ကြည့်နိုင်ပါတယ်။ စန္ဒယားတီးသင်ဖို့ https://m.youtube.com/watch?v=vphWgqbF-AM မှာရှိတယ်။ ဒရမ်တီးဖို့ https://m.youtube.com/watch?v=k_gsp5KwM-k မှာ ကြည့်နိုင်တယ်။ ဒါတင်မက ပလွေမှုတ်တာအတွက် https://m.youtube.com/watch?v=SAvA5E1Ttek ၊ တယောအတွက်
https://m.youtube.com/watch?v=GbuJ3qnmBmQ ရှိတယ်။ Youtube နဲ့ Videojug မှာလည်း တူရိယာပေါင်းစုံတီးခတ်နည်းတွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။
၈. စားဖိုမှူးတစ်ယောက်လို ချက်တာ
ဟင်းချက်နည်းတွေ၊ ချက်ပြတဲ့အစီအစဉ်တွေ ဘယ်လောက်များများ လူတိုင်းက ပရော်ဖက်ရှင်နယ် စားဖိုမှူးဖြစ်မလာကြပါဘူး။ စားဖိုမှူးလုပ်တော့မယ်ဆို သိသင့်သိထိုက်တဲ့ အချက်တွေကိုhttp://lifehacker.com/…/top-10-things-every-budding-foodie-… ကြည့်နိုင်ပါတယ်။ မြန်မာဟင်း၊ တရုတ်ဟင်း စတဲ့ ဟင်းအမျိုးမျိုးအတွက် www.wutyeefoodhouse၊ ဖေ့စ်ဘုတ်ပေါ်မှာ
https://m.facebook.com/KaeKaeFoodPalace?_rdrတို့ဟာ ထင်ရှားပြီး အနောက်တိုင်းဟင်းတွေအတွက်http://lifehacker.com/…/10%252B-dishes-and-drinks-everyone-… မှာ ကြည့်နိုင်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာလည်း မြန်မာဟင်းချက်နည်းတွေ အများအပြားရှာတွေ့နိုင်ပါတယ်။
၉. ဘာသာစကားအသစ်ကို လေ့လာတာ
လူတွေကို ဘာကို လေ့လာချင်သလဲလို့ မေးတဲ့အခါ အင်္ဂင်္လိပ်စကားအပါအဝင် ဘာသာစကားတစ်ခုကို လေ့လာဖို့ လူတော်တော်များများက စိတ်အဝင်စားဆုံးဖြစ်နေပါတယ်။ တချို့က သင်တန်းသာ တက်တယ်၊ သင်တန်းပြီးတော့ ဘာမှ မကျန်ခဲ့ဘူးဆိုပြီး ပြောတတ်ပါတယ်။ ဘယ်စကါးကို လေ့လာတာဖြစ်ဖြစ် ဘာသာစကားလေ့လာရာမှာ နည်းစနစ်တော့ ရှိရပါမယ်။ အဲသည်နည်းစနစ်ကို http://lifehacker.com/…/i-learned-to-speak-four-languages-i… မှာ ကြည့်နိုင်ပါတယ်။ ဒါဆို သင်တန်းပဲ တက်တက်၊ အပြင်ကပဲ လေ့လာလေ့လာ ထိရောက်ပါပြီ။ တစ်ခုရှိတာက ဘာသာစကားဆိုတာ ပြောနေမှ ထွက်တာဖြစ်လို့ အမြဲသုံးနေဖို့တော့ လိုပါတယ်။
၁၀. ဝက်ဘ်ဆိုက်ဆွဲတာ၊ အက်ပ်ရေးတာ၊ ပရိုဂရမ်ရေးတာ
ကုတ်ဒ်ရေးတတ်အောင် သင်ယူတာဟာ ဝက်ဘ်ဆိုက်ဆွဲဖို့၊ အက်ပ်ရေးဖို့ရဲ့ အခြေခံဖြစ်ပါတယ်။ Beginner တွေအတွက် learn ___ the hard way ဆိုတဲ့ စကားစုကိုသုံးပြီး ရှာဖွေတာ အကောင်းဆုံးပါပဲ။ ကွက်လပ်မှာ ကိုယ်လေ့လာချင်တဲ့ code ကို ထည့်ပေါ့။ ဥပမာ python ကို လေ့လာချင်ရင် learn python the hard way လို့ရှာနိုင်ပါတယ်။
တကယ်လို့ အပြန်အလှန်တုံ့ပြန်နိုင်တဲ့ ဆိုက်ကိုမှ ကြိုက်ရင်www.codecademy.com မှာ အခမဲ့ လေ့လာနိုင်ပါတယ်။ Coding ကို ဒီအတိုင်း လေ့လာရင် ပျင်းစရာကောင်းတာမို့ ပရောဂျက်တစ်ခုလုပ်ပြီး လေ့လာဖို့လည်း အကြံပြုပါရစေ။
ဒါကတော့ သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှု ၁၀ မျိုးပါပဲ။ အွန်လိုင်းဆိုတာ ဂိမ်းဆော့ဖို့၊ ဖေ့စ်ဘုတ်သုံးဖို့၊ ချက်ဖို့ပဲ အသုံးဝင်တာမဟုတ်ကြောင်း တဖြည်းဖြည်း မြင့်တက်လာတဲ့ ကိုယ့်အရည်အသွေးတွေက သက်သေပြပါလိမ့်မယ်။
Copy by စုပြည့်စုံ